HTC က Desire 816 ၏ မျိုးဆက်ဖြစ်ပြီး 64-bit Processor တပ်ဆင်ထားသော ဒုတိယ ဖုန်းဖြစ်သည့် Desire 820 ကိုကြေညာလိုက်ပါသည်။
Desire 820 သည်
Cortex-A53 Cores ရှစ်လုံးတပ် Octa-Core CPU ပါရှိသော Qualcomm Snapdragon
615 ကို အသုံးပြုထားသော ပထမဆုံး ဖုန်းဖြစ်ပါသည်။ Core လေးလုံးမှာ 1.5GHz
နှင့် အခြား Core လေးလုံးမှာ 1.0GHz အမြန်နှုန်း ရှိပါသည်။ Adreno 405 GPU
တပ်ဆင်ထားပါသည်။ SoC သည် 64-bit Architecture ကို အခြေခံထားပြီး 64-bit
Processing ကို အသားပေးထားသော Android L သို့ အဆင့်မြှင့်တင်ပေး မည်
ဖြစ်သည်။
Desire 820 တွင် ၅.၅ လက်မ 1280x720pixels Display
တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13 MP နှင့် မျက်နှာချင်းဆိုင်တွင် 8 MP
Camera တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် BoomSound Speakers များပါရှိပါသည်။
Cat 4 LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပါသည်။
Desire 820 ကို
စက်တင်ဘာလကုန်တွင် ရောင်းချမည် ဖြစ်သည်။ နိုင်ငံအချို့တွင် Dual-SIM
အမျိုးအစားကို ၀ယ်ယူနိုင်မည်ဟု သိရပါသည်။ အဖြူ၊ အညို၊ အပြာနှင့်
လိမ္မော်ရောင်များ ထုတ်လုပ်ပေးထားပါသည်။
No comments:
Post a Comment