
အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁၀,၀၀၀ ကျော်တွင် ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။
၎င်း malware သည် Facebook သုံးစွဲသူများက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည်ဟူသော app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏ လုံခြုံရေးသုတေသီများက ပြောကြားခဲ့သည်။
အဆိုပါ phishing ဆိုက်သည် သုံးစွဲသူများအား နည်းလမ်းနှစ်မျိုးဖြင့် ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဆိုသည်။ ပထမနည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီအသုံးပြုခွင့်ပေးပြီးနောက် ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်းများထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။
အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည်ဖြစ်သည်။ သုံးစွဲသူက Android ထုတ်ကုန်တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက်အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက်ခံနေရကြောင့် သတိပေးချက်တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။
၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက်တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည် Facebook အခြေခံ app များအတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ်ရှိသည့် code များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။
အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မသိရှိသေးကြောင်း Mashable က ဖော်ပြခဲ့သည်။
No comments:
Post a Comment